
1 ရာသီ
34 အပိုင်း
“တနင်္သာရီ”
တနင်္သာရီတောအုပ်ဟာ မယုံကြည်နိုင်လောက်ထူးဆန်းတဲ့ မကောင်းဆိုးဝါး၊ သမန်းကျားတွေ အစရှိတဲ့ သတ္တဝါ အန္တရာယ်ဆိုးတွေနဲ့ ပြည့်နက်နေတဲ့ နေရာတစ်ခု ဖြစ်သလို ရတနာသိုက်ရှိတယ်လို့လည်း ပြောကြပါတယ် တစ်ရက် ဂျပန်လူမျိုးနှစ်ယောက်ဖြစ်တဲ့ နာကာဟာရနဲ့ ဟိရိုဟာချိတို့ဟာ မုဆိုးကြီး တစ်ဦးကို လမ်းပြငှါးပြီး ရတနာသိုက်မြေပုံနဲ့ တောနက်ထဲ ဝင်သွားခဲ့ရာမှ ဟိရိုဟာချိနဲ့ မုဆိုးကြီးဟာ တနင်္သာရီ တောထဲမှာ ပျောက်ဆုံးခဲ့ပါတယ် နှစ်ဆယ်ချီကြာပြီးနောက် နာကာဟာရက ရတနာသိုက်ကို ထပ်ရှာဖို့ ရည်ရွယ်ချက်နဲ့ ဟိရိုဟာချိရဲ့ ဇနီးနဲ့ သမီးဖြစ်သူ ချိအိုရိကို လိမ်လည်ကာ တနင်္သာရီတောထဲကို ပြန်ဝင်ဖို့ ကြိုးစားပါတော့တယ် တနင်္သာရီတောအုပ်ထဲဝင်ဖို့ လမ်းပြပေးမယ့် မုဆိုးလေးက အရင်မုဆိုးကြီးရဲ့ သားဖြစ်သူ ချယာဖြစ်နေတဲ့အပြင် အဖေ့ကိုပြန်ရှာမယ့် ရည်ရွယ်ချက်ရှိနေတဲ့အခါ ဟိရိုဟာချိရဲ့ ဇနီးနဲ့သမီးဖြစ်သူချိအိုရိကလည်း နာကာဟာရရဲ့ အကြံဆိုးကို သိနေပေမဲ့ ခင်ပွန်း၊ဖခင်ဖြစ်သူကို ရှာလိုစိတ်နဲ့ တောနက်ထဲကို လိုက်လာတဲ့အခါ ဘာတွေဖြစ်လာမလဲ ရည်ရွယ်သူတွေကို ရှာတွေ့နိုင်ပါ့မလား အန္တရာယ်များတဲ့ တနင်္သာရီတောနက်ကြီးထဲမှာ ရှင်သန်နိုင်ပါ့မလား
- နှစ်: 2023
- နိုင်ငံ:
- အမျိုးအစား: Drama, Mystery
- စတူဒီယို: Channel 8
- သော့ချက်စာလုံး: investigation, lgbt
- ဒါရိုက်တာ:
- သွန်း: Anuwat Choocherdratana, May Natthapat Pongpraphan, กนกฉัตร มรรยาทอ่อน, Atcharee Buakhiao, Kade Tharakade Petchsuksai, ภาณุ สุวรรณโณ


"


















